တရုတ် -အမေရိကန်ပို့ကုန်ကျဆင်းမှုကို ကာမိဖို့ တရုတ်က အာဆီယံနိုင်ငံများသာ အားကိုး၍မရနိုင်

Share

တကမ္ဘာလုံး ပို့ကုန်ဈေးကွက် ကျဆင်းနေသော‌ကြောင့် တရုတ်က အိမ်နီးချင်းနိုင်ငံ ပို့ကုန်များအပေါ် မှီခိုနေ၍မရနိုင်ကြောင်း နောက်ဆုံးရ ဒေတာများက ဖော်ပြနေသည်။

ကိုဗစ်ကာလအတွင်း အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်စည်တင်ပို့မှု မြင့်တက်ခဲ့သောကြောင့် ဉရောပနိုင်ငံများကို ကျော်တက်ကာ တရုတ်က‌ ဒေသဒေင်း၌ အကြီးဆုံးကုန်စည်တင်ပို့သူ ဖြစ်လာခဲ့သည်။

သို့သော် နောက်ဆုံးရဒေတာများအရ ယမန်နှစ်ဖြင့်နှိုင်းယှဉ်ကြည့်လျှင် မေလ၌ SEA နိုင်ငံများသို့ တရုတ် ပို့ကုန် ၁၆% ကျဆင်းခဲ့သည်။ တရုတ်၏အကြီးဆုံး ပို့ကုန်စီးပွါးဖက်နိုင်ငံ အမေရိကန်သည်လည်း မေလတွင် ၁၈% ကျဆင်းခဲ့သည်။ အမေရိကန် ပို့ကုန် ‌ေဒါ်လာ ၄၂.၄၈ ဘီလီယံရှိချိန်တွင် တရုတ်က SEA သို့တင်ပို့မှု ဒေါ်လာ ၄၁.၄၉ ဘီလီယံသာရှိခဲ့သည်။ ထို့ကြောင့် အမေရိကန်ဈေးကွက် ဆုံးရှုံးမှုကို ကာမိစေရန် SEA နိုင်ငံများကို မှီခိုအားကိုးနေ၍ မရကြောင်း Great China JLL ၏ ဘောဂဗေဒပညာရှင်ဖြစ်သူ Bruce Pang ကဆိုသည်။

ASEAN ၁၀ နိုင်ငံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်သည်။

အမေရိကန်သည် ၁၀ နိုင်ငံပေါင်းနှင့်ယှဉ်လျှင် တစ်ဉီးတည်းသီးသန့်ဈေးကွက်တစ်ခုဖြစ်သောကြောင့် စီးပွါးရေးလုပ်ငန်းများအနေဖြင့် အမြတ်အစွန်းပိုတင်၍ ရောင်းနိုင်သည်ဟု Pang ကထောက်ပြထားသည်။

ကူးယူဖော်််််််ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
photo: getty images

%d bloggers like this: