တရုတ်သည် ယခုနှစ် ပထမသုံးလတွင် ဂျပန်ကို ကျော်တက်ကာ ကမ္ဘာ့ထိပ်ဆုံး ကားတင်ပို့သူအဖြစ်ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့် သတင်းပတ်က ထုတ်ပြန်ပေးခဲ့သည့် တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်နှင့်ယှဉ်လျှင် ကားတင်ပို့မှု ၁.၀၇ သန်းဖြင့် ၅၈% မြင့်တက်လာခဲ့သည်။ ထိုစဉ် ဂျပန်ကားတင်ပို့မှုမှာ ၉၅၄,၁၈၅ ဖြင့်ရပ်တည်လျက်ရှိသည်။
ရုရှား၏ တရုတ်လျှပ်စစ်ကားရောင်းအားနှင့် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် တရုတ်ကား export မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ Elon Musk ၏ လျှပ်စစ်ကားများကို ရှန်ဟိုင်းတွင် အကြီးအကျယ်ထုတ်လုပ်လျက်ရှိပြီး ဂျပန်နှင့် ဉရောပသို့ အဓိက တင်ပို့လျက်ရှိသည်။
ရုရှား – ယူကရိန်းစစ်ပွဲစတင်ချိန် နိုင်ငံတကာအသိုက်အဝန်းမှ ဖယ်ကျဉ်ထားခံရသော ရုရှားမှာ တရုတ်၏ဈေးကွက်ကြီး ဖြစ်လာခဲ့သည်။
ယမန်နှစ်က ရုရှားထံမှ Volkswagen နှင့် Toyota တို့ထွက်ခွါခဲ့ပြီးနောက် ၄င်းတို့ ပြိုင်ဖက်များဖြစ်သည့် တရုတ်ကားထုတ်လုပ်သူ Geely, Chery နှင့် Great Wall တို့ market share များအသီးသီးခုန်တက်လာခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Nikkei Asia, BBC Business
Photo: Getty Images