0

ဒေတာပေါက်ကြားမှုကာကွယ်ရန်Big Four (စာရင်းစစ်ကုမ္ပဏီကြီး ၄ ခု) ကို အသုံးမပြုဖို့တရုတ်တိုက်တွန်း

Share

သတင်းအချက်အလက်လုံခြုံရေးနှင့် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို တားဆီးရန်အတွက် တရုတ် နိုင်ငံပိုင်လုပ်ငန်းကြီးများအား ကမ္ဘာ့အကြီးဆုံးစာရင်းစစ်ကုမ္ပဏီကြီး ၄ ခု (Big Four) ကိုအသုံးပြုခြင်း ရပ်ဆိုင်းရန် တရုတ်အာဏာပိုင်များက တိုက်တွန်းထားသည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံပိုင်လုပ်ငန်းငယ်အချို့အား အလွတ်သဘောလမ်းညွှန်ချက်များ ပို့ချပေးနေသည့် ဝန်ကြီးဌာနများထဲက တစ်ခုအပါအဝင်ဖြစ်ပြီး  ကုမ္ပဏီများအနေဖြင့် PwC, EY, KPMG, Deloitte တို့နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါက အလုပ်လုပ်ခြင်း ရပ်တန့်ပစ်ရန်တိုက်တွန်းထားသည်ဟု သိရှိရသည်။

ကုမ္ပဏီအခွဲများမှာ နိုင်ငံတကာစာရင်းစစ်ကုမ္ပဏီများကို အသုံးပြုနိုင်သော်လည်း မိခင်ကုမ္ပဏီများအား ပြည်တွင်းရှိ တရုတ် (သို့မဟုတ်) ဟောင်ကောင် စာရင်းစစ်များကိုသာ အသုံးပြုရန်လည်း တိုက်တွန်းထားသည်။

တရုတ်နိုင်ငံသည် သူ၏အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်သည့်အခြေအနေများအား ကာကွယ်ရန်အတွက်  စိစစ်တင်းကြပ်မှုများထဲတွင် Data Policy လည်းအပါအဝင်ဖြစ်သည်။

တရုတ်သည် ဒေတာလုံခြုံရေးဥပဒေ (Data Security Law) အား ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်အသက်သွင်းခဲ့ပြီး နိုင်ငံ၏လုံခြုံရေးနှင့်စီးပွားရေးကို ကာကွယ်ရန်အတွက် ၎င်းဥပဒေကို တရုတ်ကုမ္ပဏီများစွာက ကျယ်ပြန့်စွာ လက်တွေ့အသုံးချရန် လိုအပ်နေပေသေးသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Asia Financial, Reuters
Photo: Getty Images

 

 

%d bloggers like this: