တရုတ်အိမ်ခြံမြေကဏ္ဍသည် တဖြေးဖြေးနှေးကွေးစွာ ပြိုဆင်းလျက်ရှိသည်။
Evergrande နှင့် Country Garden ကဲ့သို့ အကြီးစားအိမ်ခြံမြေ ကုမ္ပဏီကြီးများမှာ ကြွေးမြီပြဿနာများ ဆက်တိုက်ရင်ဆိုင်နေရပြီး ‘တစ္ဆေမြို့များ’ ဟုခေါ်တွင်ခံနေရသည်။ ယခုလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု ခန့်မှန်းချက်များကို အဆင့်လျှော့ချခဲ့ပြီး အကြောင်းရင်းမှာတရုတ်နိုင်ငံ၏ အိမ်ခြံမြေ အကျပ်အတည်းကြောင့်ဟုဆိုသည်။
တရုတ်ပြည်၏ ဆောက်လုပ်ရေးကဏ္ဍမှာ အလွန်ကြီးမားလွန်းနေပြီး တိုက်ခန်းဝယ်လိုအား ကျဆင်းနေတာကြောင့် ရေရှည်စိန်ခေါ်မှုများအား နားလည်ဖို့ အရေးကြီးသည်ဟု HSBC ၏ အာရှဘောဂဗေဒပညာရှင် Frederic Neumann ကဆိုသည်။ “ကျွန်တော်တို့မှာ မြို့ပြဖြစ်ထွန်းမှု နှေးကွေးနေပြီး လူဦးရေစာရင်းလည်း ဆက်လက်ကျဆင်းနေပါတယ်” ဟုသူကဆိုသည်။
ကပ်ရောဂါကုန်လွန်သည့်ကာလများတွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်မှုနှုန်းက နှေးကွေးနေပြီး၊ လူငယ် အလုပ်လက်မဲ့နှုန်းမှာ စံချိန်တင်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ပြည်တွင်းအသားတင်ထုတ်လုပ်မှုမှာလည်း ခန့်မှန်းထားသည်ထက် ကျဆင်းနေပြီး လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေအကျပ်အတည်းက နိုင်ငံအတွင်း စားသုံးသူများ၏ယုံကြည်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ထိခိုက်နေသည်။
ထို့ကြောင့် ဘေဂျင်းက ဆုတ်ယုတ်နေသော ကဏ္ဍအသီးသီးကို ကယ်တင်ရန်အတွက် ပေးဆပ်ရန်ငွေများ အနိမ့်ဆုံးပမာဏသို့ လျှော့ချပေးခြင်း၊ အပေါင်နှုန်းများ ချိန်ညှိပေးခြင်းတို့ စသည့် ငွေကြေးမူဝါဒဆိုင်ရာ လှုပ်ရှားမှုများစွာဖြင့် ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း လာမည့်နှစ်အတော်ကြာအထိ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်ယိုဖိတ်မှုရှိနေဉီးမည်ဟု Neumann က ဆိုသည်။
“ကျဆင်းနေသော တရုတ်အိမ်ခြံမြေကဏ္ဍသည် လာမည့်နှစ်များအတွင်း အကြီးစားစက်မှုလုပ်ငန်း၊ ကမ္ဘာတစ်ဝှမ်းရှိ ကုန်စည်ဈေးကွက်များအပေါ် အမှန်တကယ် သက်ရောက်မှုရှိလိမ့်မည်” ဟု ၎င်းက ဆိုသည်။ “သံမဏိ၊ ဘိလပ်မြေ။ ဖန်ထည်ဝယ်လိုအားလိုအပ်ချက်က ကျဆင်းနေဉီးမည်ဖြစ်သည့်အတွက် ယင်းကုန်ကြမ်းတွေ အမှန်တကယ်ထုတ်လုပ်နေသည့် တရုတ်အကြီးစားစက်မှုလုပ်ငန်းများကို သက်ရောက်မှုရှိနေဉီးဖြစ်သည် ဟုဆိုသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business News
Photo: Getty Images