တရုတ်နိုင်ငံ၏ နောက်ဆုံးရဒေတာအချက်အလက်များအရ တရုတ်လူဦးရေသည် ဆယ်စုနှစ် ခြောက်စုအတွင်း ပထမဆုံးအဖြစ် ၂၀၂၂ ခုနှစ်တွင် အနိမ့်ဆုံးသို့ကျဆင်းလာခဲ့ပြီး၊ ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာဆက်လက်ကျဆင်းလာနိုင်ဖွယ်ရှိနေသည်။
တရုတ်အစိုးရက မိသားစုဦးရေများစွာရှိသော အိမ်ထောင်စုများကို အထောက်အပံ့ကောင်းများစွာ ပေးနေသော်လည်း ကလေးမွေးဖွားနှုန်းသည် ၁၉၅၀ ခုနှစ်ကတည်းကစ၍ အနိမ့်ဆုံးသို့ ကျဆင်းလာခဲ့သည်။
မွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေအကျပ်အတည်းပြဿနာနှင့် ရင်ဆိုင်နေရသည့် တရုတ်နိုင်ငံသည် ကမ္ဘာ့လူဦးရေအထူအထပ်ဆုံးနိုင်ငံဆိုသည့် ဂုဏ်ပုဒ်ကို အိန္ဒိိယထံသို့ လွှဲပြောင်းပေးဖွယ်ရာရှိနေသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The New York Times, CNN, Reuters