ဖေဖော်ဝါရီလထဲတွင် အိန္ဒိယ၌ ကျင်းပမည့် ကြွေးမြီဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် အကြီးအကဲတို့တက်ရောက်မည်ဖြစ်ကြောင်း IMF ၏ မန်းနေးဂျင်းဒါရိုက်တာ Kristalina Georgieva က ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။
သူမက ထိပ်တန်းစီးပွားရေးနိုင်ငံများမှ မြီရှင်များနှင့်အတူ တရုတ်၊ ဆော်ဒီအာရေးဗျ၊ အိန္ဒိယစသည့် ခေတ်သစ် မြီရှင်များအားလုံးကို ကြွေးတင်နေသည့်နိုင်ငံများနှင့်အတူ အဆိုပါစကားဝိုင်းထဲသို့ ခေါ်ဆောင်ဖို့ဖြစ်သည်ဟုဆိုသည်။
ဆင်းရဲသောနိုင်ငံများမှာ အကြွေးပြဿနာများဖြေရှင်းရန်ခက်ခဲနေသောကြောင့် တရုတ်နိုင်ငံအနေဖြင့် စည်းမျဉ်းစည်းကမ်းများ အသစ်ပြောင်းလဲရန်လိုအပ်ကြောင်း သူမကဆိုသည်။
Georgieva သည် ဖွံဖြိုးဆဲနိုင်ငံမှ လာသည့်ပထမဆုံးသော IMF (နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့) ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အကြွေးထူနေသော နိုင်ငံများအတွက် လူမှုဖူလုံရေးဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းကိုရှောင်ရှားရန် ကြွေးမြီလျှော်ပေးခြင်းသည် အရေးကြီးသည်ဟုသူမကယုံကြည်ထားသည်။
တရုတ်နိုင်ငံသည် ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်စသည့် နိုင်ငံတော်အဆင့်အကြီးအကဲများတက်ရောက်ဖြေရှင်းလိမ့်မည်ဟု သူမကဆိုခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: Getty Images