0

Hong Kong ဆန္ဒပြသူတွေရဲ့ဒဏ်ခံရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ပါ ခံစားနေရတဲ့ Cathay Pacific Airline.

Share

Hong Kong လေကြောင်းလိုင်းကြီး Cathay Pacific ရဲ့အမြတ်ငွေများ သိသိသာသာ ကျဆင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် အမြတ်ငွေဟာ ၂၀၁၈ နှင့် နှိုင်းယှဉ်လျှင် ၂၈% ကျဆင်းသွားခဲ့ပါတယ်။ ငွေကြေးတန်ဖိုးအရ ဟောင်ကောင်ဒေါ်လာ ၂.၃ ဘီလျံ (အမေရိကန် ဒေါ်လာ ၃၀၁.၈ မီလျံ) မှ ဟောင်ကောင်ဒေါ်လာ ၁.၇ ဘီလျံ (အမေရိကန် ဒေါ်လာ ၂၁၇.၇ မီလျံ) ထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်မြို့ပေါ်က ဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခေတ်မှုတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးပစ်ခတ်မှုတွေက ခရီးသွားဧည့်သည်တွေကို ကြောက်ရွံထိန့်လန့်စေခဲ့ပြီး ဒီဆန္ဒပြမှုတွေဟာ ဟောင်ကောင်ရဲ့စီးပွားရေးကြီးကို အလွန်အမင်း ထိခိုက်စေခဲ့ပါတယ်။ ဒါ့အပြင် ယခုလက်ရှိမှာလဲ လေကြောင်းလိုင်းကြီးဟာ တကမ္ဘာလုံးကို ပျံနှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဒါဏ်ကို ခံစားနေရပြီး ယခု မတ်လနှင့် ဧပြီလအတွင်းမှာ လေကြောင်းလိုင်း ခရီးစဉ်တွေရဲ့၆၅% ကိုရပ်နားထားတော့မှာ ဖြစ်ပါတယ်။ ခရီးသွားဧည့်သည် လျော့နည်းမှုကြောင့် မေလအထိ လေကြောင်းခရီးစဉ်တွေကို ထပ်မံလျှော့ချတာတွေ ရှိနေလိမ့်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ပထမ နှစ်ဝက်မှာ လေကြောင်းလိုင်းရဲ့ဘဏ္ဍာရေး အခြေအနေဟာ အတော်လေးရုံးကန်နေရမှာ ဖြစ်တယ်လို့Cathay Pacific ရဲ့ဥက္ကဌ Patrick Healy က ပြောခဲ့ပါတယ်။ Cathay Pacific လေကြောင်းလိုင်းရဲ့ရှယ်ယာက ယခုနှစ်အထိ ၁၂.၇% ကျဆင်းသွားခဲ့ပါတယ်။

Cathay Pacific ရဲ့sales ဟာ ကမ္ဘာ့ အဆင့် (၁၀) ရှိပြီး market capitalization အရ ကမ္ဘာ့အဆင့် (၁၄) ရှိပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး cargo airline ဖြစ်လာခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်ကို ပြေးဆွဲပျံသန်းနေတဲ့ လေကြောင်းလိုင်းကြီး တခု ဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: CNN NEWS

%d bloggers like this: