Coronavirus ကြောင့် တရုတ်နိုင်ငံအပါအဝင် တကမ္ဘာလုံးက စီးပွားရေး တုံ့နှေးနေချိန်မှာ ဗိုင်းရပ်စ်ကြောင့် တဟုန်ထိုးတိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းများစွာရှိနေပါတယ်လို့ပြောရင် Mask နဲ့ လက်အိတ် ထုတ်လုပ်သူတွေ၊ ဆေးဝါးလုပ်ငန်းတွေကို ပြေးမြင်ကြမှာဖြစ်ပေမဲ့ မမျှော်လင့်ပဲ ရုတ်တရက် တိုးတက်လာတဲ့ အခြားလုပ်ငန်းတွေလဲ ရှိပါသေးတယ်။
Coronavirus ပျံ့ပွားမှုကို ကာကွယ်ဖို့Mask တွေ တပ်ကြဖို့တိုက်တွန်းနေတာ လူတိုင်းသိကြမှာပါ။ ဒါ့အပြင် ညစ်ပတ်တဲ့ ပိုက်ဆံတွေ ကိုင်တွယ်ရတာလဲ အလွန်ကြီးမားတဲ့ အန္တရာယ်တခုပါပဲ။ အခု Coronavirus ဖြစ်တော့ တရုတ်နိုင်ငံမှာ online shopping တွေအရမ်း Hot ဖြစ်နေပါသတဲ့။ တရုတ်ပြည်သူတွေဟာ လူစုလူဝေးများတဲ့ စားသောက်ဆိုင်တွေ အထည်ဆိုင်တွေ convenience store တွေဆီမသွားကြတော့ပဲ အွန်လိုင်းကဆင့် မှာလိုက်ရင် delivery လုပ်ပေးတဲ့စနစ်နဲ့ပဲ ဈေးဝယ်ကြပါတော့တယ်။ လူအချင်းချင်း ထိတွေ့ဆက်ဆံမှု နည်းလေလေ လူကတဆင့်ကူးစက်စေတဲ့ ရောဂါတွေကို ကာကွယ်နိုင်လေပါပဲ။ တရုတ်နိုင်ငံက food platform တခုဖြစ်တဲ့ Dingdong မှာ ဈေးဝယ်သူပေါင်း ၄၀,၀၀၀ ကျော်တိုးတက်လာပြီး gross merchandise volume (GMV) က သည်ရက်ပိုင်းအတွင်းမှာ ၆ ဆတိုးလာကြောင်း မန်နေဂျာတစ်ဦးက ဆိုပါတယ်။ နှစ်သစ်ကူးကာလအတွက် အကြောင်းအရာတွေကြောင့် အွန်လိုင်းကတဆင့်ဈေးဝယ်မှုဟာ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး Dingdong platform အနေနဲ့ဝန်ဆောင်မှုအပြည့်ပေးနိုင်အောင် ဝန်ထမ်းအင်အား ၇၅% တိုးမြှင့်ထားခဲ့ပေမဲ့ Coronavirus ကနှစ်သစ်ကူးကာလနဲ့တဆက်တည်း ဖြစ်ပေါ်ခဲ့တာကြောင့် ဈေးဝယ်ယူသူတွေအတွက် service အပြည့်အဝ မပေးနိုင်ခဲ့ပါဘူး။
Store ကိုဝင်ဝယ်သူ ဈေးသည်တွေ နည်းလာတာနဲ့ အမျှ store ဆိုင်ဖွင့်ချိန်တွေကိုလည်း လျှော့ချလိုက်သလို ဆိုင်ပေါင်းမြောက်များစွာကို လုံးဝပိတ်လိုက်တာမျိုးတွေလည်း ရှိပါတယ်။ အိမ်ထဲမှာ ပိတ်မိနေကြတဲ့ လူတွေအတွက် Visual shopping လို့ဆိုတဲ့ ကိုယ်တိုင်ဈေးထွက်ဝယ်ရသလို အွန်လိုင်းကနေ ဈေးဝယ်ခြင်းနည်းတမျိုးဟာ ထွက်ပေါက်တခုဖြစ်စေခဲ့ပါတယ်။ ဥပမာတခုကတော့ ရှန်ဟိုင်းမှာရှိတဲ့ Mixc ဟာ သူ့ရဲ့ customers တွေအတွက် မြောက်များစွာသော ကုန်ပစ္စည်းတွေ အဝတ်အထည်နဲ့fashion brand တွေဖြစ်တဲ့ Nike, Puma နဲ့Fila, အလှကုန်ပစ္စည်းတွေဖြစ်တဲ့ Lancome, Cle de Peau Beaute, Sephora စတဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို ရွေးချယ်နိုင်တဲ့ Visual channel တစ်ခုကို ဖန်တီးပေးထားပါတယ်။

Shanghai ရှိ Shopping mall တခု၏ VR Channel တခု။
ဒီနည်းလမ်းတွေဟာ အပြင်မှာ ကိုယ်တိုင်သွားဝယ်တာလောက် customer services အပြည့်အဝ မပေးနိုင်ပေမဲ့ အွန်လိုင်းကနေ အရောင်းသွက်စေတဲ့ နည်းလမ်းမျိုးစုံကို ဖန်တီးအောင် တွန်းအားပေးစေပါတယ်။ ဥပမာ Instagram လို social media shopping feed မှာ ကုန်ပစ္စည်း item တွေတင်ပေးထားပြီး customers တွေနဲ့conment ကနေဆက်သွယ်နိုင်တာမျိုး၊ click တချက်နိုပ်ရုံနဲ့ ဈေးဝယ်လို့ရတာမျိုး ဖြစ်ပါတယ်။ နောက်တနည်းကတော့ Facebook နဲ့WeChat တို့မှာ Live streaming သုံးခြင်းဖြစ်ပါတယ်။ ဒီနည်းကတော့ အားလုံးသိပြီးကြတဲ့အတိုင်း Live လွှင့်ပြီး ဈေးရောင်းနည်းတမျိုး ဖြစ်ပါတယ်။ ဝယ်သူတွေက screenshot ရိုက်၊ comment ကနေဆက်သွယ်ပြီး ဈေးဝယ်နိုင်ပါတယ်။ ဖော်ပြခဲ့တဲ့နည်းလမ်းတွေအားလုံးက online community ရဲ့အရှိန်အဟုန်တစ်ခုရယ် လူလူချင်းဆက်ဆံစရာမလိုပဲ တနည်းအချိန်မကုန် လူမပင်ပန်းပဲ နေရာမရွေး ပါဝင်နိုင်တဲ့ ဈေးကွက်တခုရဲ့အားသာချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
မမျှော်လင့်ပဲ တဟုန်ထိုး တိုးတက်လာတဲ့ Gaming Industry
အိမ်ထဲမှာပိတ်မိနေတဲ့ တရုတ်ပြည်သူ smartphones အသုံးပြုသူတွေဟာ apps နှင့် games တွေကို စံချိန်တင် download ဆွဲခဲ့တာကြောင့် global games industry ဟာ ဘီလျံ $150 ထိတိုးထက်ခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံး mobile game provider ဖြစ်တဲ့ Tencent ရဲ့ရှယ်ယာဈေးဟာ ခုန်တက်သွားပြီး ကုမ္ပဏီရဲ့ယခုလက်ရှိ market capitalization ဟာ ဘီလျံ $500 အထက်ရှိနေပါတယ်။ Gaming apps တွေအပြင် educational app တွေရဲ့download အကြိမ်အရေအတွက်တွေလဲ တဟုန်ထိုး တက်လာခဲ့တာပါ။
ဒီလိုကူးစက်ရောဂါကပ်အတွင်း Game industry ကြီးတိုးတက်လာပြီး Gaming ကုမ္ပဏီတွေ အတွက် အခွင့်အလမ်းတရပ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်ပါဘူး။
“ဂိမ်းဆော့ရင်း အချိန်ဖြုန်းသူများလေလေ (monetize) ဂိမ်းနဲ့ပတ်သက်တဲ့ ဝင်ငွေများလေလေပါပဲ” လို့ Niko Partners ရဲ့analyst တဦးကပြောပါတယ်။
တချို့ Game company ကြီးတွေဖြစ်တဲ့ Sony နဲ့ Nintendo လို Hardware Sales တွေကို အားထားရသူတွေကတော့ hardware supply chains တွေ၊ စက်ရုံတွေ ရပ်ဆိုင်းထားရတာကြောင့် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာ Nintendo share ဟာ ၉% ကျဆင်းသွားနေပြီး virus ကို ရေရှည်မှာ မထိန်းချုပ်နိုင်သေးဘူးဆိုရင် Sonny က November မှာ launch လုပ်မဲ့ PlayStation 5 အတွက် ထိခိုက်နစ်နာမှု များဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ အွန်လိုင်းကဈေးဝယ်ခြင်းက တခြားနိုင်ငံတွေထက်စာလျှင် အလှမ်းဝေးနေပါသေးတယ်။ အဓိကပြသနာကတော့ payment method တွေပဲဖြစ်ပါတယ်။ အခုအခါမှာ visa, master စတဲ့နိုင်ငံတကာ payment method တွေအပြင် Local payment တွေနဲ ချိတ်ဆက်ထားပေမဲ့ local Bank အချင်းချင်း ချိတ်ဆက်ထားတဲ့ စနစ်မရှိခြင်း၊ online banking စနစ်ဖွံဖြိုးမှုအားနည်းခြင်းစတာတွေကြောင့် online payment အသုံးပြုတဲ့သူအရေအတွက်က အလွန်နည်းပါး နေပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Reference: Financial Times, JingDaily, BBC, ChinaDaily.