0

Build-Operate-Transfer(BOT)ဆိုတာ

Share

Build-operate-transfer (BOT) contract ဆိုတာ အစိုးရကပြုလုပ်တဲ့ project အကြီးစားတွေဖြစ်ပြီး များသောအားဖြင့် အခြေခံအဆောက်အအုံ တွေတည်ဆောက်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း နှစ်ဦးသဘောတူ ချုပ်ဆိုတဲ့စာချုပ်ပဲ ဖြစ်ပါတယ်။
BOT scheme တွေက ပုဂ္ဂလိကလုပ်ငန်းတွေကို အစိုးရမှဆောက်လုပ်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် (၂)မျိုးစလုံးသာမကပဲ လိုအပ်သလို ရင်းနှီးမြှုပ်နှံခြင်း၊ ဘဏ္ဏာရေး စီမံခန့်ခွဲခြင်းတို့ကိုပါ လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပေးလိုက်တာမှာ အချိန်အတိုင်းအတာ တခုသတ်မှတ်ထားခြင်းရှိပြီး သက်တမ်းကုန်ဆုံးပါက project တခုလုံးကို အစိုးရထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ပေးတဲ့ သက်တမ်းက နှစ် ၂၀၊ ၃၀ စသဖြင့်ရှိပါတယ်။

BOT contracts ဘယ်လိုအလုပ်လုပ်သလဲ
အစိုးရအဖွဲ့အစည်းက ပုဂ္ဂလိက လုပ်ငန်းတွေကို ငွေကြေး၊ ဆောက်လုပ်ခွင့်၊ လုပ်ငန်းဆောင်ရွက်ခွင့် Project တခုချပေးပါတယ်။ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီက သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ (နှစ် ၂၀၊ ၃၀) အတွင်း ရင်းနှီးမြှုပ်နှံထားသလောက် အမြတ်အစွန်းရအောင် အားထုတ်ဆောင်ရွက်ပြီးတဲ့နောက် သက်တမ်းစေ့သွားတဲ့အခါမှာ အစိုးရထံ Project တခုလုံးကို လွှဲပြောင်းလိုက်ရပါတယ်။ BOT project တွေဟာ ပုံမှန်အားဖြင့် ကြီးမားတဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ (လမ်းတံတား၊ လေဆိပ်စီမံကိန်း၊ စွမ်းအင်ထုတ်လုပ်ရေး၊ အဆောက်အဦးဆောက်လုပ်ရေး) ဖြစ်ပြီး အစိုးရက ဆောင်ရွက်ရတဲ့ လုပ်ငန်းအမျိုးအစားတွေဖြစ်ပါတယ်။ ဥပမာ ပါကစ်စတန်နိုင်ငံက highway အမြန်လမ်းမ ဖောက်လုပ်သည့်လုပ်ငန်း၊ တရုတ်နိုင်ငံမှ ရေဆိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊ ဖိလပိုင်နိုင်ငံမှ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း စတာတွေဖြစ်ပါတယ်။

ကာလရှည် projects တွေဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်ကျစရိတ်တွေဟာ ပြောင်းလဲတတ်ပြီး ရင်းနှီးမြှုပ်နှံသလောက် ထိုက်သင့်သောအမြတ် ပြန်လည်ရရှိအောင် ဆောင်ရွက်ရပါတယ်။ BOT contractors ဆိုတာဟာ project တွေအတွက် ရည်ရွယ်ပြီး အထူးဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

မတူကွဲပြားသော BOT များ
BOT model မှာ မတူညီတဲ့ အခြား project အမျိုးအစားတွေရှိပါသေးတယ်။ Build-own-operate-transfer (BOOT) contract ဆိုတာ contractor က project ကာလအတွင်း project တခုလုံးကို ပိုင်ပါတယ်။ Build-lese-transfer (BLT) contracts မှာတော့ အစိုးရက project ကာလအတွင်း project ကို ငှားရမ်းထားတဲ့သဘောဖြစ်ပြီး လုပ်ငန်းကနေ ပိုက်ဆံကောက်ပါတယ်။ Design-build-operate-transfer (DBOT) contract ကဲ့သို့contractor က ကိုယ်တိုင် project design ဆွဲရတဲ့ ပုံစံမျိုးလဲရှိပါတယ်။

Risks များ
BOT project တွေအတွက် risk တွေရှိတတ်ပါတယ်။
Political risk
အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေမှာ အစိုးရအပြောင်းအလဲများတာကြောင့် Project တွေအပေါ် အစိုးရအသစ်ရဲ့သဘောထားက risk အလွန်များပါတယ်။

Technical risk
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတတ်တဲ့ အခက်အခဲတွေဖြစ်ပါတယ်။ ဥပမာ မမြင်နိုင်တဲ့ မြေသားအခြေအနေ၊ စက်ကိရိယာများ ချို့ယွင်းမှု။

Financing risk
နိုင်ငံခြားငွေလဲနှုန်းနှင့် အတိုးနှုန်း မတည်ငြိမ်ခြင်း။ အသုံးပြုရတဲ့ ကုန်ကြမ်းပစ္စည်း ဈေးကွက်ပြောင်းလဲခြင်း။ ဝင်ငွေနှင့် ခန့်မှန်းထားသည့် ကုန်ကျစရိတ်များ ကျော်လွန်ခြင်း။

မကြာသေးခင်က မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန်ရှိသည့် projects များကို ပွင့်လင်းမြင်သာမှုရှိစေရန် Project Bank အမည်ရှိ digital platform ကိုစတင်လွှင့်တင်ခဲ့သည်။ အောက်ဖော်ပြပါ link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ (ယင်း Project များသည် BOT ဟုမဆိုလိုပါ။) 
https://projectbank.gov.mm/en/

 

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: investopedia, Wikipedia, worldbank.org

%d bloggers like this: