0

Bill Gates က Microsoft Board အဖွဲ့မှဆင်းပေး။

Share

Microsoft ရဲ့ co-founder တဦးဖြစ်တဲ့ Bill Gates က မတ်လ (၁၃)ရက် သောကြာနေ့က ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ထဲကနေ ထွက်ခွါသွားခဲ့ပြီး၊ ပရဟိတလုပ်ငန်းတွေကို ပိုမိုအာရုံစိုက်နိုင်အောင် ဘုတ်အဖွဲ့က ထွက်ခွာသွားတာဖြစ်ကြောင်း သိရပါတယ်။

Gates ဟာ Paul Allen နှင့်အတူ Microsoft ကို ၁၉၇၅ မှာတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ထိ Microsoft ရဲ့CEO တဦးလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ Gates ဟာ ကုမ္ပဏီ အတွင်း သူ့ရဲ့ပါဝင်မှုကို တဖြေးဖြေး လျှော့ချလာခဲ့တာလဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကုမ္ပဏီရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အလုပ်တွေကနေ မပါဝင် မပတ်သက်တော့ပဲ၂၀၁၄ မတိုင်မီထိ ဘုတ်အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခု အခါမှာတော့ ဘီလျံနာကြီး Bill Gates ကပြီးခဲ့တဲ့ သောကြာနေ့မှာ Microsoft ဘုတ်အဖွဲ့ကနေ လုံးဝ ထွက်ခွါသွားကြောင်းနှင့် ဘီလျံနာကြီး Warren Buffett ကြီးနဲ့အတူ တွဲဖက် လုပ်ကိုင်နေတဲ့ Berkshire Hathaway Board အဖွဲ့ကနေလဲ ထွက်ခွါခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ယခုလို ဆုံးဖြတ်လိုက်တာဟာ သူနှင့် သူ၏ဇနီးတို့ တွဲဖက်တည်ထောက်ထားတဲ့ Bill and Melinda Gates Foundation ပရဟိတ ဖောင်ဒေးရှင်း အလုပ်တွေဆီမှာသာ နှစ်မြှပ်ဖို့ ရည်ရွယ်ထားတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။ Bill Gates ဟာ Microsoft ရဲ့CEO ဖြစ်သူ Satya Nadella နှင့် အခြား ကုမ္ပဏီ ခေါင်းဆောင်တွေ အတွက်တော့ နည်းပညာ အကြံပေးအဖြစ် ဆက်လက်လုပ်ကိုင်နေဦးမှာ ဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: TIME Magazine

%d bloggers like this: