ယခုနှစ်တွင် ထိုင်းစိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုကဏ္ဍ အလားအးနိုင်ငံ၏ အဓိက စိုက်ပျိုးသီးနှံထုတ်ကုန်များဖြစ်သော ဆန်၊ ပီလောပီနံ နှင့် သကြားတို့သည် ယခုနှစ်တွင် စျေးကောင်းရပြီး အဝယ်လိုက်လျက်ရှိသည့်အပြင် အခြားသော.သစ်သီးဝလံများလည်း အသီးသီးဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း သိရသည်။
ထိုင်းစီးပွားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ်၏ သစ်သီးဝလံတင်ပို့မှုသည် နှစ်စမှာပင် အခြေအနေကောင်းလျက်ရှိပြီး ပထမသုံးလပတ်တွင် တင်ပို့မှု ၅၅% မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ၈၂၅ သန်းခန့်ရှိခဲ့သည်။
ရာသီစာဖြစ်သော ဒူးရင်းသီးနှင့် လုံငန်းသီး (တရုတ်လိုင်ချီးသီး) တင်ပို့မှုမှာ ယမန်နှစ်မတ်လနှင့် နှိုင်းယှဥ်ပါက ယခုနှစ်တွင် ဒူးရင်းသီးတင်ပို့မှုမှာ ၂၃၇%အထိ မြင့်တက်ခဲ့ပြီး လုံငန်းသီးတင်ပို့မှုမှာ ၄၂% မြင့်တက်ခဲ့ကာ အခြားမွေးမြူရေး ထွက်ကုန် ဖြစ်သည့် အေးခဲကြက်သားတင်ပို့မှုမှာလည်း ၅၃% မြင့်တက်ခဲ့ကြောင်း အခက်အလက်များက ဖော်ပြနေခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် ယခုနှစ်တွင် လတ်ဆတ်သော သစ်သီးဝလံနှင့် ပြုပြင်ထားသော သစ်သီးဝလံ.တင်ပို့မှုကို တန်ချိန်၄.၄၄ သန်းအထိ ရောက်ရှိနိုင်ရန် လျာထားလျက်ရှိပြီး ယမန်နှစ် တင်ပို့မှုဖြစ်သည့် တန်ချိန် ၄.၀၄သန်းနှင့် ဝင်ငွေ ဘတ်၃၆၃သန်း၏ ၁၀ရာခိုင်နှုန်း တိုးမြှင့်လျာထားခြင်းဖြစ်သည်။
ဆန်တင်ပို့မှုအနေဖြင့် ပထမသုံးလပတ်တွင်၂၅%တိုးတက်ခဲ့ပြီး ဒေါ်လာ ၁.၁၂ဘီလီယံ ဝင်ငွေရရှိခဲ့ကာ ယမန်နှစ်တင်ပို့မှု ပမာဏဖြစ်သော တန်ချိန် ၇.၇ သန်းကိုကျော်ဖြတ်၍ တန်ချိန် ၈သန်းအထိ ယခုနှစ်တွင်တင်ပို့နိုင်မည်ဟု ယုံကြည်ထားကြောင်း ထိုင်းစီးပွားကူးသန်း ဝန်ကြီးကဆိုသည်။
သာမန်မဟုတ်ဘဲ ယခုနှစ်တွင် ပိုမိုဝယ်လိုအားကောင်းနေသည်မှာ လုံငန်းသီး (တရုတ်လိုင်ချီးသီး)ဖြစ်ပြီး ပထမသုံးလပတ်တွင် ရောင်းအား ၁.၄%တိုးတက်ခဲ့ကာ ဝင်ငွေ ဒေါ်လာ၁.၁၈ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင်.ထိုင်းလုံငန်းသီးကို စိတ်ဝင်စားလျက်ရှိသည့် နိုင်ငံအများအပြားရှိပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၅သန်း တင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ ဟောင်ကောင်၊ တူရကီနှင့် အခြားနိုင်ငံများဖြင့်လည်း စုစုပေါင်းတန်ချိန် ၅သန်းခန့် တင်ပို့ခွင့် စာချုပ်များ ချုပ်ဆိုထားကြောင်း ဝန်ကြီးကဆိုသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : Bangkok Post
Photo : 123RF