အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖင်တို့သည် လာမည့်လအတွင်း ဆန်ဖရန်စစ္စကို၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွါးရေးဖိုရမ်တွင် တွေ့ဆုံရန်ရှိကြောင်း အမေရိကန်ကပြောကြားထားသည်။
ခေါင်းဆောင်နှစ်ဉီးသည် နိုဝင်ဘာလ ဘာလီ G-20 စီးပွါးရေးဖိုရမ်ကတည်းနောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း၌ အမေရိကန်ပိုင်နက်အတွင်းသို့ ဝင်ရောက်ကျူးကျော်ခဲ့သည့် တရုတ် စပိုင်မိုးပျံပူဖောင်းကြောင်း လည်းကောင်း၊ ယူကရိန်းစစ်ပွဲအပေါ် တရုတ်၏ နှုတ်ဆိတ်နေခြင်းတို့ကြောင့်လည်းကောင်း နှစ်နိုင်ငံ၏ဆက်ဆံရေးမှာ တင်းမာခဲ့သည်။
လာမည့်လတွင် ဆန်ဖရန်စစ္စကို၌ ခေါင်းဆောင်နှစ်ဉီးတွေ့ဆုံရန် စီစဉ်ထားကြကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သော်လည်း တွေ့ဆုံမည့်ရက်အတိအကျနှင့် နေရာကိုမူကြေညာထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့်သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန်အတွင်းရေးမှုးချုပ် Blinken ၊ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့ တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံကြားအသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဘိုင်ဒန်ကလည်း တရုတ်ထိပ်တန်းသံတမာန်ကို ၁ နာရီခန့်ကြာ လက်ခံတွေ့ဆုံခဲ့သေးသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: Getty Images