သူဌေးကြီး Warren Buffett ၏ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Berkshire Hathaway သည် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် တရုတ် လျှပ်စစ်ကား BYD ၏အစုရှယ်ယာ ဒေါ်လာ ၄၄.၈၅ သန်းဖိုး ထုတ်ရောင်းလိုက်ကြောင်း စတော့အိတ်ချိန်း၏ စာရင်းအချက်အလက်များအရ သိရှိရသည်။
Berkshire သည် BYD ရှယ်ယာများကို သြဂုတ်လကုန်ကတည်းက စတင်ထုတ်ရောင်းနေခြင်းဖြစ်ပြီး ယခုအခါ ရှယ်ယာရောင်းချမှုကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် Berkshire ၏ရှယ်ယာပိုင်ဆိုင်မှု (H-shares) ၁၃.၀၄% မှ ၁၂.၉% သို့ကျဆင်းသွားကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းက ဖော်ပြထားသည်။
Buffett ၏ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်တွင် BYD ရှယ်ယာ ၂၂၅ သန်းဖိုးပိုင်ဆိုင်ထားသည်။
BYD သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး plug-in hybrids နှင့် pure electric ကားထုတ်လုပ်သူ ကုမ္ပဏီဖြစ်ပြီး Tesla ထက် ရောင်းအားလျှင်မြန်စွာ ကားအစီးရေ စုစုပေါင်း ၁.၈၆ သန်းအထိ ရောင်းချထားနိုင်သူဖြစ်သည်။
Reference: Yahoo Finance, CNA, Reuters
Photo: Getty Images