0

BBC နှင့် Guardian သတင်းဌာနကြီးများမှအလုပ်အကိုင်၂၅၀လျှော့ချမှု ကူးစက်ရောဂါကြီးကိုအပြစ်တင်

Share

ကိုရိုးနားဗိုင်းရပ်ကူးစက်ရောဂါကြောင့် ဗြိတိန်သတင်းမီဒီယာကြီး ၂ခုက ငွေကြေးဖိအားများ ခံစားရပြီးနောက် အလုပ်အကိုင်များလျှော့ချခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

The Guardian သတင်းဌာနကြီး၏ဝင်ငွေမှာ ယခုနှစ်အတွက် ပေါင် ၂၅သန်းလျော့နည်းခဲ့သောကြောင့် တည်းဖြတ်ရေးဌာနမှ အလုပ်အကိုင်ပေါင်း ၇၀ အပါအဝင် စုစုပေါင်းဝန်ထမ်း ၁၈၀ ဦးအား အလုပ်ရပ်နားစေခဲ့သည်။

ကပ်ရောဂါကာလအတွင်း စာဖတ်ပရိတ်သတ်နှင့် အလှူရှင်များ တိုးခဲ့သော်လည်း သတင်းစာကြော်ငြာနှင့် သတင်းစာရောင်းအား စောင်ရေကျဆင်းခဲ့သောကြောင့် the Gardian သတင်းစာ ဆက်လက်ရပ်တည်ရန် ငွေကြေးအင်အားယိုင်နဲ့ခဲ့သည်ဟု အယ်ဒီတာ Katharine Viner နှင့် CEO ဖြစ်သူ Annette Thomas တို့က ဝန်ထမ်းများအတွက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BBC သတင်းဌာနမှလည်း အလုပ်အကိုင် ၇၀ကျော်ထပ်မံ လျှော့ချရန်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ကိုးရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် ရုပ်သံထုတ်လွှင့်ပြသရာတွင် လိုအပ်သောငွေကြေးဖြစ်သည့် တယ်လီဗေးရှင်းလိုင်စင်ကြေး ကောက်ခံမှုများ နှောင့်နှေးခဲ့ရသောကြောင့် ကပ်ရောဂါအားအပြစ်တင်ထားသည်။ အလုပ်အကိုင်လျှော့ချမှုရန် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက သတင်းထုတ်လွှင့်ရေးဌာနမှ အလုပ်အကိုင် ၄၅၀ လျှော့ချရန် ကြေညာထားပြီး BBC မှ ကိုးရိုးနားဗိုင်းစ် outbreak သတင်းလွှင့်နေမှုကြောင့် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ကပ်ရောဂါမဖြစ်ပွားခင်ကတည်း BBC သည် ဝန်ကြီးချုပ် Boris Johnson အစိုးရ၏ ဖိအားပေးမှုကြောင့် ပေါင် ၁၂၅ သန်းစုဆောင်းရန်အတွက် ပြဿနာနှင့်ကြုံတွေ့နေခဲ့သည်။ အလုပ်အကိုင်လျှော့ချမှုကြောင့် BBC တွင်သတင်းတင်ဆက်သူနှင့် ထုတ်လွှင့်သူအနည်းငယ်သာကျန်ရှိပြီး သတင်းအကြောင်းအရာအမျိုးမျိုးပေါ်တွင် လုပ်ကိုင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ယခုလိုပြောင်းလဲမှုမလုပ်လျှင် ရှေ့ဆက်လျှောက်ဖို့မလွယ်ကူ ဟု BBC News ၏ဒါရိုက်တာဖြစ်သူ Fran Unsworth ကဆိုသည်။
ဗြိတိန်တွင် အလုပ်လက်မဲ့နှုန်းမြင့်တက်နေပြီး ဗိုင်းရပ်စ်ရောဂါကြောင့် ရာစုနှစ်အတွင်း စီးပွားရေးအဆိုးရွားဆုံးကျဆင်းခဲ့သည်။ U.K ရှိကုမ္ပဏီကြီးများမှာလည်း အလုပ်အကိုင်ပေါင်း ၈၀,၀၀၀ ကျော်လျှော့ချခဲ့ပြီး အစိုးရက လစာထောက်ပံ့ပေးခြင်းမှာလည်း အောက်တိုဘာလတွင် ပြီးဆုံးတော့မည်ဖြစ်သည်။

U.K ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က အလုပ်လက်မဲ့များအားထောက်ပံ့ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ စားသောက်ဆိုင် discounts နှင့် အလုပ်အကိုင်ဖန်တီးပေးရေးအတွက် ပေါင် ဘီလျံ ၃၀ သုံးစွဲထားကြောင်း ကြေညာထားသည်။

Source: CNN Business
Photo:
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: