0

ဘုံငွေကြေး ဖော်ဆောင်ရန် အာဂျန်တီးနားနှင့်ဘရားဇီးဆွေးနွေးနေ

Share

အာဂျန်တီးနားနှင့် ဘရားဇီးတို့သည် ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် ဘုံငွေကြေး ပေါ်ပေါက်လာစေရန်ဆွေးနွေးပွဲကို ထပ်မံစတင်ရန် ပြင်ဆင်လျက်ရှိသည်။

တောင်အမေရိကား၏ အကြီးဆုံးနိုင်ငံ နှစ်နိုင်ငံတို့သည် ဒေသအတွင်း ဒေါ်လာ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ရှောင်ရှားရန် နောက်ထပ် ရွေးချယ်စရာတစ်ခုအဖြစ် ဘုံငွေကြေးသတ်မှတ်ရန် ဆယ်စုနှစ်တစ်စုကြာ ဆွေးနွေးခဲ့ကြသော်လည်း အင်အားကြီး နှစ်နိုင်ငံစလုံး၏ စီးပွားရေးမငြိမ်သက်မှုကြောင့် လက်တွေ့အကောင်အထည်ဖော်ရန် ကြန့်ကြာလျက်ရှိသည်။

နောက်ဆုံး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို နှစ်ပေါင်း ၃၀ကျော် အမြင့်ဆုံး ငွေဖောင်းပွမှုနှုန်းကို ရင်ဆိုင်နေရသော အာဂျန်တီးနားနိုင်ငံက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Financial Times, CNN, Bloomberg Finance.
Photo: Getty Images

 

%d bloggers like this: