0

Alipay Operator ဖြစ်သော Ant Financial Group က Wave Money တွင်ဒေါ်လာ၇၃.၅သန်း ရင်းနှီးမြှုပ်နှံ

Share

မြန်မာနိုင်ငံရှိ Financial service တခုဖြစ်သော Wave Money နှင့် Alibaba group မှ Ant financial services group (Ant Group) တို့သည် မြန်မာနိုင်ငံ၏ financial services လုပ်ငန်းများ ပိုမိုအဆင့်မြင့်စွာ လုပ်ကိုင်နိုင်ရန်အတွက် အတူလက်တွဲပူးပေါင်းလိုက်ကြောင်း မေလ ၁၈ ရက်နေ့က ကြေငြာခဲ့သည်။ Ant Group သည် Alipay operator ဖြစ်ပြီး mobile payment နှင့် digital financial services လုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိ၍ မြန်မာနိုင်ငံအတွက် ပိုမိုလုံခြုံစိတ်ချရပြီး ပိုမိုကောင်းမွန်သော financial services များပေးနိုင်ရန်အတွက် Wave Money အား နည်းပညာ ကူညီမှုများပေးသွားမည်ဖြစ်သည်။

Wave Money သည် နော်ဝေနိုင်ငံအခြေစိုက် Telenor Group နှင့် ရိုးမဘဏ်တို့ အတူပူးပေါင်းလုပ်ကိုင်နေသော လုပ်ငန်းဖြစ်ပြီး ယခုအခါ Ant Financial Group မှ အမေရိကန်ဒေါ်လာ ၇၃.၅ သန်းရင်းနှီးမြှုပ်နှံပြီးလျှင် Telenor နှင့် Yoma Group တို့နှင့်အတူ ရင်းနှီးမြှုပ်နှံသူ ရှယ်ယာရှင်ကြီးတဦး ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ mobile financial services provider တဦးဖြစ်သူ Wave Money သည် အေးဂျင့်နှင့် Wave ဆိုင်ပေါင်း ၅၇,၀၀၀ ကျော်အား တနိုင်ငံလုံးမြို့ပေါင်း ၃၃၀ အနက် ၂၉၅ မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ တွင် Wave Money အသုံးပြု၍ ကျပ်ငွေ ၆.၄ ထြီလျံ (ဒေါ်လာ ၄.၃ ဘီလျံ) ဖိုးအထိ ငွေလွှဲမှုပြုလုပ်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် အမြတ်ဝင်ငွေ ၃ ဆမြင့်တက်ခဲ့သည်။ Wave Money အားစတင်မိတ်ဆက်ပြီး ၂နှစ်အကြာ၂၀၁၈ တွင် အမြတ်ဝင်ငွေ စတင်ရရှိခဲ့သည်။ ငွေလွှဲခြင်း၊ အသုံးစရိတ်များ ပေးချေခြင်းတို့အတွက် Wave Money platform ဖြစ်သော Wave Pay အသုံးပြုသူဦးရေ ၂၁ သန်းကျော်အထိရှိလာခဲ့ပြီး ၂၀၁၈ အောက်တိုဘာလမှစတင်၍ Wave Pay အသုံးပြုသူသည် လစဉ် ၁၄%စီ မြင့်တက်လာခဲ့သည်။

Ant Group သည် Alipay ၏ operator ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ကုမ္ပဏီတခုဖြစ်သည်။ ၂၀၁၉ ဂျွန်လတွင် ကမ္ဘာတဝှမ်း အသုံးပြုသူ users ပေါင်း ၁.၂ ဘီလျံအား ဝန်ဆောင်မှုပေးလျက်ရှိသည်။

Ant Group ၏ပါတနာဖြစ်လာသော Wave Money သည်လည်း ပိုမိုကောင်းမွန်သော နည်းပညာများကို အသုံးပြု၍ digital payment လုပ်ငန်းများကို ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခန်းကဏ္ဍကို လက်ရှိ ၄၈%မှ လာမည့် ၂၀၂၂ ခုနှစ်တွင် ၆၀% အထိ တိုးတက်အောင်ပြုလုပ်ရန် စီမံကိန်းများချမှတ်လျက်ရှိသည်။

Yoma Strategic Holding Ltd သည် စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသော အများပိုင် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ကား၊ ငွေကြေးလုပ်ငန်းများနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Wave Money Announcement

%d bloggers like this: