ပြီးခဲ့သည့်တနင်္လာနေ့က နည်းပညာ စတော့ရှယ်ယာများ ထိုးတက်လာခဲ့ခြင်းနှင့်အတူ Amazon ရှယ်ယာများမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၃,၀၀၀ ထိရောက်ရှိခဲ့သည့်အတွက်ကြောင့် ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်သည့် Amazon ၏ CEO Jeff Bezos အတွက် ထပ်မံအောင်ပွဲခံရဖို့ရှိနေသည်။
Amazon (AMZN) သည် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၅ ထြီလျံ ရှိလာခဲ့ပြီး Apple (AAPL) နှင့် Microsoft (MSFT) တို့အသီးသီး၏ အထက်တွင်ကောင်းမွန်စွာနေရာယူထားလေသည်။
Google ၏မိခင်ကုမ္ပဏီ Alphabet (GOOGL) သည်လည်း market capitalization တန်ဖိုး ဒေါ်လာ ၁ ထြီလျံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့သည်။
Facebook အပါအဝင် အဆိုပါ နည်းပညာကုမ္ပဏီကြီး ၄ ခုတို့သည့် ဒေါ်လာ ၆.၄ ထြီလျံကျော် တန်ကြေးရှိလာခဲ့သည်။
ကိုဗစ်ကာလအတွင်း ဝယ်လိုအားကျနှင့်ရောင်းလိုအား ကျဆင်းမှုတို့ကြောင့် အမေရိကန်စီးပွားရေးကျဆင်းခဲ့ရသော်လည်း နည်းပညာ စတော့ရှယ်ယာဈေးများ တရိတ်ရိတ်တက်လာခဲ့ခြင်းက မတ်လမှစ၍ အခြေအနေမကောင်းခဲ့သော ဈေးကွက်ကို ပြန်အဖတ်ဆယ်လာနိုင်ခဲ့ပြီး နောက်ထပ်ရောင်းအားတက်ကာ အမြတ်ပြန်လည်ရရှိလာနိုင်တော့မည့် မျှော်လင့်ချက်ရောင်ခြည်သန်းလာစေခဲ့သည်။
Nexflix, Tesla, Square, PayPal, Nvidia နှင့် Adobe တို့၏ရှယ်ယာဈေးများလည်း တနင်္လာနေ့က စံချိန်တင်မြင့်တက်ခဲ့ကြသည်။
ထို့ပြင် Work-from-Home ကျေးဇူးကြောင့် Zoom Video, Peloton, Lowe’s, Clorox နှင့် Teladoc စသည့် ကုမ္ပဏီများမှာလည်း အမြတ်များစွာရရှိခဲ့သည်။
Source: CNN Business New
Photo: The Blade
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။