ကမ္ဘာ့ပထမဆုံးအဖြစ် AI နည်းပညာအချင်းချင်း လူသားပါဝင်ခြင်းမရှိပဲ ညှိနှိုင်းမှုလုပ်ကာ စာချုပ်စာတမ်းချုပ်ဆိုမှု ပြုလုပ်ပေးခဲ့ကြောင်း ဗြိတိန် ဉပဒေဆိုင်ရာ နည်းပညာကုမ္ပဏီ ကဆိုသည်။
ဗြိတိန် နည်းပညာကုမ္ပဏီ Luminance က၄င်း၏ ကိုယ်ပိုင် large language model (LLM) အားအခြေခံကာ စာချုပ်စာတမ်းများအား အလိုအလျှောက်ခွဲခြမ်း စီစစ်ပေးသည့် AI စနစ်တစ်ခုကို တီထွင်ခဲ့သည်။ Luminance ၏စီအီးအို Jaeger Glucina က AI စနစ်သစ်သည် ရှေ့နေများ နေ့စဉ်ဆောင်ရွက်နေရသည့် paperwork လုပ်ငန်းစဉ်များကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည်ဟုဆိုသည်။
AI က Word (Microsoft Word) ပေါ်တွင် သဘောတူ ညှိနှိုင်းသည့် စကားလုံးများကို အလိုအလျှောက် စီစစ်ကာ လိုအပ်သော ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်တွင် လူသားက လက်မှတ်ထိုးပေးရန်သာဖြစ်သည်။ AI သည် စာချုပ်မျိုးစုံနှင့်ပတ်သက်သည့် စီးပွါးရေးသဘောသဘာဝ အားလုံးကို နားလည်နေဖို့ အရေးကြီးပြီး သေချာလေ့ကျင့် (train) ပေးထားသည့် AI က အဆင့်အားလုံးကိုကောင်းစွာကိုင်တွယ်ဖြေရှင်းသွားခဲ့သည်ဟု Glucina ကဆိုသည်။
Luminance အား University of Cambridge မှသင်္ချာပညာရှင်က ၂၀၁၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ကာ ရှေ့နေများအား ကူညီရန် ဉပဒေဆိုင်ရာဆော့ဖ်ဝဲလ်များ ထုတ်လုပ်ဖန်တီးပေးနေသည့် နည်းပညာကုမ္ပဏီဖြစ်သည်။ ယခုအခါ AI နှင့် machine-learning-based platform များအသုံးပြုကာ ရှုပ်ထွေးသည့် ဒေတာအချက်အလက်များ စာရင်းပြုစုခြင်း၊ ဉပဒေဝန်ထမ်းများအား သက်ဆိုင်ရာ အလုပ်တာဝန်ခွဲဝေချမှတ်ပေးခြင်း၊ ဉပဒေ team တစ်ခုလုံးအား ထိရောက်စွာ စောင့်ကြည့် ကြီးကြပ်ပေးခြင်းစသည့် ဝန်ဆောင်မှုများပေးလျက်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: Getty Images