Gym chain ကြီးတခုဖြစ်တဲ့ 24 Hour Fitness ဟာ မကြာခင်ကာလအတွင်းမှာ ဒေဝါလီခံရတော့မည့် အရေးနှင့် ရင်ဆိုင်နေရတာကြောင့် တတ်နိုင်သမျှ လုပ်ငန်းကြီးကို ကယ်တင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုဘဏ် Lazard နှင့် Law firm ဖြစ်သည့် Wril, Gotshal & Manges တို့မှ အကြံပေးများနှင့် အတူပူးပေါင်းအဖြေရှာလျက်ရှိပါတယ်။
လုပ်ငန်းကြီးဟာ ကြီးမားတဲ့ အကြွေးနွံနစ်နေပြီး လုပ်ငန်းအရည်အသွေး ကျဆင်းမှုများအပြင် ကိုရိုနားဗိုင်းရပ်စ်ကပ်ရောဂါဒဏ်တို့ကြောင့် ဆိုင်ခွဲပေါင်း ၄၀၀ ကျော်ပိတ်သိမ်းဖို့ဖိအားပေးခံနေရပါတယ်။ ဈေးသင့်တင့်တဲ့ fitness studio ဟာ ဈေးနှုန်းမြင့်တဲ့ ပြိုင်ဘက်ဖြစ်တဲ့ Equinox အပြင် ဈေးသက်သာတဲ့ Planet Fitness ကဲ့သို့ပြိုင်ဖက်များကိုပါ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရပါတယ်။
Memberships ကျဆင်းလာခြင်း၊ အတိုးနှုန်းမြင့်မားခြင်းနှင့် ကိုရိုနားဗိုင်းရပ်စ်ရောဂါကြောင့် ငွေကြေးမလည်ပတ်နိုင်တော့ပဲ စီးပွားရေးကပ်အတွင်းမှာ လုပ်ငန်းအား ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိတော့ခြင်း စတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကြောင့် Credit ratings agency ဖြစ်တဲ့ Moody က လုပ်ငန်းအဆင့်သတ်မှတ်ချက် ချလိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် 24Hour Fitness ဟာ ၂၀၁၉မှာ ရောင်းအား အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံရှိခဲ့တာဖြစ်ပါတယ်။ 24 Hour Fitness gym chain ဟာ ဗိုင်းရပ်စ်ရောဂါပျံနှံမှု ကာကွယ်ရန် စီးပွားရေးတံခါးတွေပိတ်ခံလိုက်ရပြီး ဖိအားများစွာ ခံစားနေရတဲ့ fitness companies တွေထဲကတခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာ မတ်လ ၁၆ရက်နေ့မှစပြီး လက်လီအရောင်းဆိုင်နှင့် စီးပွားရေးလုပ်ငန်းများစွာ ပိတ်ပစ်လိုက်ရပြီး ဘယ်အချိန်မှာ ပြန်ဖွင့်ခွင့်ရမလဲဆိုတာကိုတော့ ဘယ်သူမှမသိသေးပါဘူး။ clubs တွေပြန်မဖွင့်နိုင်ဘူးဆိုရင် membership ကြေးတွေအားလုံးကို ရပ်စဲပစ်ရတော့မှာလဲ ဖြစ်ပါတယ်။
Gym တွေပြန်ဖွင့်တယ်ဆိုရင်တောင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုကြောင့် အပိုကုန်ကျငွေဖြစ်တဲ့ gym membership ကြေးကိုတော့ လူတွေစိတ်ဝင်စားကြမှာမဟုတ်ပါဘူး။ အခြား fitness chains တွေကတော့ customers တွေကို အိမ်ထဲမှာပဲ ဆော့ကစားနိုင်တဲ့ options မျိုးဖန်တီးပေးနေကြပါတယ်။ ဒါပေမဲ့ အဲလို options မျိုးက ဝင်တဲ့ဝင်ငွေဟာ ဘယ်လောက်ထိ ရနိုင်မလဲဆိုတာတော့ မသဲကွဲသေးပါဘူး။
International Health, Racquet & Sportsclub Association ကဲ့သို့ကုန်သွယ်မှုအသင်းကတော့ စီးပွားရေးလုပ်ငန်းများအား ကျားကန်ပေးဖို့အာမခံများနှင့်ဆိုင်ခန်းငှားခ ကင်းလွတ်ခွင့်တွေ ပေးနေပါတယ်။ အုပ်ချုပ်ရေးအရာရှိတွေကတော့ gyms တွေကို 3-phase plan နှင့် အမြန်ဆုံးပြန်ဖွင့်ခွင့်ရဖို့လုပ်ဆောင်ပေးနေပါတယ်။ ပြန်ဖွင့်တဲ့အခါ ကစားသူ တဦးနှင့်တဦး ရှိရမဲ့ အကွာဝေး သတ်မှတ်ထားမှာလဲဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ဖို့Equinox ပိုင်ရှင်ဖြစ်တဲ့ Stephen Ross အပါအဝင် စီးပွားရေးအကြံပေးများစွာနဲ့ ဆွေးနွေးတိုက်ပင်လျက်ရှိပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news