စင်္ကာပူ၏ ထုတ်ကုန် ဩဂုတ်တွင် ၁၂% ကျဆင်း၊ ၂၀၁၉ နောက်ပိုင်း အနည်းဆုံးဖြစ်
စင်္ကာပူ၏ အဓိက ထုတ်ကုန်ဖြစ်သည့် အီလက်ထရောနစ်ထုတ်ကုန်များ ဩဂုတ်လတွင် အခြေအနေမကောင်းခဲ့သဖြင့် ထုတ်ကုန်ပမာဏ ၁၂ရာခိုင်နှုန်းကျဆင်းခဲ့ရပြီး ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း အနည်းဆုံးပမာဏဖြစ်သည်။ ရိုက်တာသတင်းဌာနက ပြုလုပ်ခဲ့သော စစ်တမ်းအရ စီးပွါးရေးပညာရှင်များက ၃.၁ ရာခိုင်နှုန်းခန့်သာ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပို့ဆောင်ရေးနည်းပညာကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများအားလုံး အားနည်းခဲ့သဖြင့် ယခုကဲ့သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အီလက်ထရောနစ်ထုတ်ကုန်များသည်...