Orio Economics

Pique your curiosity

Author: Min Thwe Kyaw

  • Thumbnail for တရုတ်တွင်ကန့်သတ်ချက်များရှိသော်လည်း စင်ကာပူလေကြောင်းခရီးသွားတိုးတက်လာ

    တရုတ်တွင်ကန့်သတ်ချက်များရှိသော်လည်း စင်ကာပူလေကြောင်းခရီးသွားတိုးတက်လာ

    တရုတ်နိုင်ငံ၏ တကျော့ပြန်ကိုဗစ်ကူးစက်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ပြည်ပခရီးသွားခြင်းများအား စည်းမျဉ်းကန့်သတ်ချက်များ တင်းကြပ်မှုရှိနေသော်လည်း စင်ကာပူနိုင်ငံ၏ လေကြောင်းခရီးသွားကဏ္ဍမှာ ကပ်ဘေးမတိုင်မီအခြေအနေ၏ ၄၀% ဝန်းကျင်သို့ ပြန်လည် တိုးတက်လာနေသည်ဟု ပို့ဆောင်ရေးဝန်ကြီး အက်စ် အီစဝါရန် (S. Iswaran) က ဆိုသည်။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသား ၃.၆ သန်းခန့် စင်ကာပူနိုင်ငံသို့…

    View Recipe
  • Thumbnail for ဟွန်ဒိုင်းမော်တာက US တွင် ဒေါ်လာ ၁၀ ဘီလျံကျော်ရင်းနှီးမြှုပ်နှံမည်

    ဟွန်ဒိုင်းမော်တာက US တွင် ဒေါ်လာ ၁၀ ဘီလျံကျော်ရင်းနှီးမြှုပ်နှံမည်

    တောင်ကိုးရီးယားလုပ်ငန်း ဟွန်ဒိုင်းမော်တာ (Hyundai Motor Group) သည် အမေရိကန်ပြည်ထောင်စုတွင် လာမည့် ၂၀၂၅ အမီ ဒေါ်လာ ၅ ဘီလျံ ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဟု တနင်္ဂနွေနေ့ (ယနေ့) တွင် ကြေညာခဲ့သည်။ ယခုကြေညာချက်သည် ဆိုးလ်မြို့သို့ ကန်သမ္မတဘိုင်ဒင် အလည်အပတ်ရောက်ရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဟွန်ဒိုင်းအုပ်စုအနေဖြင့် စက်ရုပ်နည်းပညာ၊…

    View Recipe
  • Thumbnail for အာဒါနီအုပ်စုက အိန္ဒိယ၏ ဒုတိယအကြီးဆုံး ဘိလပ်မြေထုတ်လုပ်သူဖြစ်လာမည်

    အာဒါနီအုပ်စုက အိန္ဒိယ၏ ဒုတိယအကြီးဆုံး ဘိလပ်မြေထုတ်လုပ်သူဖြစ်လာမည်

    အိန္ဒိယဘီလျံနာ ဂေါတမ် အာဒါနီ (Gautam Adani) ၏ စီးပွားရေးလုပ်ငန်းစုသည် ဆွစ်ဇာလန်အခြေစိုက် Holcim AG ၏ အိန္ဒိယရှိ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများကို ဒေါ်လာ ၁၀.၅ ဘီလျံ ဖြင့်ဝယ်ယူရန် စီစဉ်နေပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံးဘိလပ်မြေထုတ်လုပ်သူဖြစ်လာတော့မည်ဖြစ်သည်။ အာဒါနီလုပ်ငန်းအနေဖြင့်လည်း အခြားစီးပွားရေးလုပ်ငန်းတခုကို ဝယ်ယူရာတွင် တန်ဖိုးအကြီးဆုံးပေးချေမှုလည်း ဖြစ်လာသည်။…

    View Recipe
  • Thumbnail for စစ်ပွဲကြောင့် ယူကရိန်းတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၄.၈ သန်းအထိရှိလာ

    စစ်ပွဲကြောင့် ယူကရိန်းတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၄.၈ သန်းအထိရှိလာ

    ဖေဖေါ်ဝါရီနှောင်းပိုင်းကာလ ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းတွင် လုပ်ငန်းများပိတ်သိမ်းရခြင်း၊ တင်ပို့ကုန်ကဏ္ဍ ရှေ့မတိုးနိုင်ဖြစ်ခြင်းနှင့် လူပေါင်းသန်းချီ ထွက်ပြေးနေရခြင်းများက အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၄.၈ သန်းကျော်ဖြစ်လာစေသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း – ILO က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဆုံးရှုံးသွားသည် အလုပ်အကိုင်ပမာဏသည် ယူကရိန်းရှိ စုစုပေါင်းလုပ်သားအင်အား၏ ၃၀% ခန့်ဖြစ်ပြီး…

    View Recipe
  • Thumbnail for Touchscreen ပြဿနာကြောင့် Tesla ကား အစီးရေ ၁၃၀,၀၀၀ ပြန်လည်သိမ်းဆည်း

    Touchscreen ပြဿနာကြောင့် Tesla ကား အစီးရေ ၁၃၀,၀၀၀ ပြန်လည်သိမ်းဆည်း

    လျှပ်စစ်ကား Tesla သည် ၎င်းတို့ကားများ၏ ဖျော်ဖြေရေးစနစ်တွင်ပါဝင်သော ထိတွေ့မျက်နှာပြင် – Touchscreen မှာ အားသွင်းရာ၌ အပူလွန်ကဲ၍ အလုပ်မလုပ်တော့ခြင်း သို့မဟုတ် screen တခုလုံး မည်သည့်အရာမျှမပေါ်တော့ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကားအစီးရေ ၁၃၀,၀၀၀ အား ပြန်လည်သိမ်းယူနေသည်။ ကုမ္ပဏီက ဖြစ်ပေါ်နိုင်သော ထိုပြဿနာကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပြီး…

    View Recipe
  • Thumbnail for ဧပြီလအတွင်း အိန္ဒိယ ဂျုံပို့ကုန် စံချိန်တင်

    ဧပြီလအတွင်း အိန္ဒိယ ဂျုံပို့ကုန် စံချိန်တင်

    ဧပြီလသည် အိန္ဒိယ၏ ယခုနှစ်ဘဏ္ဍာနှစ်အတွက် ပထမဆုံးလ ဖြစ်ပြီး ဂျုံတင်ပို့ကုန် တန်ချိန် ၁.၄ သန်း အထိ စံချိန်တင်ရရှိခဲ့သည်ဟု ကုန်သွယ်ရေးသတင်းရင်းမြစ် ၄ ခုက ဆိုသည်။ ယူကရိန်းတွင် စစ်ပွဲဖြစ်ပွားနေခြင်းက ပင်လယ်နက်အတွင်း ကုန်သွယ်မှုပုံမှန်စီးဆင်းမှုကမောက်ကမဖြစ်ခဲ့ပြီး ဝယ်လက်များအနေဖြင့် အခြားရွေးချယ်စရာများကို ရှာဖွေခဲ့ကြသလို သက်သာမှုအနည်းငယ်လည်း ရရှိခဲ့သည်။ သို့သော်လည်း…

    View Recipe
  • Thumbnail for Tesla ၏ နီကယ်လိုအပ်ချက်အတွက် Vale နှင့်ကာလရှည်စာချုပ်ချုပ်ဆို

    Tesla ၏ နီကယ်လိုအပ်ချက်အတွက် Vale နှင့်ကာလရှည်စာချုပ်ချုပ်ဆို

    ဘရာဇီးသတ္ထုတူးဖေါ်ရေးလုပ်ငန်းကြီး Vale သည် အမေရိကန်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း Tesla အတွက် လိုအပ်သော နီကယ်သတ္ထုများကို ပံ့ပိုးနိုင်ရန် ကာလရှည်စာချုပ်ချုပ်ဆိုလိုက်သည်ဟု သောကြာနေ့က ကြေညာခဲ့သည်။ ယခုသဘောတူညီချက်တွင် Vale ၏ ကနေဒါနိုင်ငံရှိ ထုတ်လုပ်ရေးလုပ်ငန်းခွင်များမှ နီကယ်များကို Tesla သို့ တင်သွင်းထောက်ပံ့သွားမည်ဖြစ်သည်။ ဘရာဇီးကုမ္ပဏီသည် စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့်…

    View Recipe
  • Thumbnail for တရုတ်ပြည်ကားအရောင်းများ ဧပြီလတွင် ၄၈% လျော့ကျခဲ့

    တရုတ်ပြည်ကားအရောင်းများ ဧပြီလတွင် ၄၈% လျော့ကျခဲ့

    တရုတ်ပြည်ရှိ ကားအရောင်းပြခန်းများသို့ အသွားအလာအကန့်အသတ်ရှိမှုများ၊ လူများ၏ အသုံးစရိတ်အပေါ်လျှော့ချမှုများကြောင့် ဧပြီလ ကားအရောင်းသည် ပြီးခဲ့သည့်နှစ်နှင့်ယှဉ်လျှင် ၄၈% လျော့ကျခဲ့သည်ဟု China’s Auto Association က တွက်ချက်ထုတ်ပြန်ခဲ့သည်။ ယခုခန့်မှန်းဖေါ်ပြချက်သည် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သည့်နိုင်ငံအတွက် ၂၀၂၀ ဖေဖေါ်ဝါရီ နောက်ပိုင်း အရောင်းကျဆင်းမှု အမြင့်ဆုံးအနေအထားလည်းဖြစ်လာသည်။ ၂၀၂၂ ၏ ပထမ…

    View Recipe
  • Thumbnail for US ရှိ Gucci စတိုးများတွင် Crypto ကို စတင်လက်ခံတော့မည်

    US ရှိ Gucci စတိုးများတွင် Crypto ကို စတင်လက်ခံတော့မည်

    တန်ဖိုးကြီးဖက်ရှင်အသုံးအဆောင်များကိုထုတ်လုပ်သည့် အီတလီလုပ်ငန်း ဂူချီသည် အမေရိကန်ပြည်ထောင်စုရှိ ဆိုင်ခွဲ ၅ ခုတွင် ဒစ်ဂျစ်တယ်ငွေကြေး – cryptocurrencies များဖြင့် ငွေချေမှုအား လက်ခံတော့မည်ဟု သိရသည်။ ရှေ့ပြေးစမ်းသပ်မှုအနေဖြင့် စတင်မည့် ယခုဆောင်ရွက်ချက်တွင် ဖေါက်သည်များသည် Bitcoin, Ethereum, Dogecoin နှင့် အခြားဒစ်ဂျစ်တယ်ငွေကြေးများဖြင့် သတ်မှတ်ထားသော ဆိုင်ခွဲများတွင်…

    View Recipe
  • Thumbnail for နစ်ဆန်းက မက္ကစီကိုတွင် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံမည်

    နစ်ဆန်းက မက္ကစီကိုတွင် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံမည်

    ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်း Nissan Motor က လာမည့် ၃ နှစ်အတွင်း မက္ကစီကို၊ အာဝါစကေလီယန်တေး ပြည်နယ်ရှိ စက်ရုံ၏ အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့် အလိုလျောက်စနစ်များအတွက် ဒေါ်လာ သန်း ၇၀၀ ကို ရင်းနှီးမြှုပ်နှံသွားမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ Nissan Americas အမေရိကတိုက်ရှိလုပ်ငန်းခွဲများ၏ ဥက္ကဌ ဂျရီမီပါပင်…

    View Recipe