ရေခမ်းပြီး ခြောက်သွေ့နေသော ဗင်းနစ်မြို့တူးမြောင်းများ
အီတလီနိုင်ငံ ဗင်းနစ်မြို့ အသည်းနှလုံး တူးမြောင်းများမှာ ဒီရေဆိုးဆိုးရွားရွားကျဆင်းနေသဖြင့် ဗင်းနစ်၏ အထင်ကရ နံမည်ကျော် ရေကြောင်းတက္ကစီနှင့် လှေငယ်များမှာ သောင်တင်လျက်ရှိပြီး မြို့တော်၏ အရေးပေါ်ဝန်ဆောင်မှုများကိုပင် အနှောက်အယှက်ဖြစ်ပေါ်စေလျက်ရှိသည်။ ဒေသတွင်း မိုးခေါင်ခြင်း၏ အကျိုးရလဒ်က မြို့တော်အတွင်း တူးမြောင်းရေ စီးဆင်းမှုကို ယခုလောက် ဆိုးရွားစွာ အဟန့်အတားဖြစ်နေသည်ကိုပင် မိုးလေဝသဆိုင်ရာပညာရှင်များက မယုံကြည်နိုင်ကြပေ။ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့်...