Aye Chan Myint

0
More

Airbnb ကအာဖဂန်ဒုက္ခသည်၂၀,၀၀၀အတွက်အခမဲ့နေစရာအိမ်များစီစဉ်ပေးမည်

  • August 25, 2021

အာဖဂန်ဒုက္ခသည် ၂၀,၀၀၀ အတွက် အခမဲ့နေစရာအိမ်ခန်းများ ကူညီပေးမည်ဟု Airbnb ၏ CEO Brian Chesky ကပြီးခဲ့သည့် အင်္ဂါနေ့ကပြောကြားခဲ့သည်။ ဒုက္ခသည်များ ရွှေ့ပြောင်းအခြေချရေးနှင့် ပြန်လည်နေရာချထားရေးသည် အမေရိကန်နှင့် အခြားတိုင်းပြည်များတွင် လူသားချင်းစာနာထောက်ထားမှုနှင့်ပတ်သက်သည့် ကြီးမားသော ပြဿနာတရပ်ဖြစ်လာခဲ့ပြီး အဖွဲ့အစည်းများအနေဖြင့် အမြန်ပါဝင်ဖြေရှင်းပေးရန်လိုကြောင်း Chesky က Twitter တွင်ရေးသားထားသည်။...

0
More

Bitcoin 1 coinလျှင်ဒေါ်လာ ၅၀,၀၀၀ ကျော်ထိမြင့်တက်

  • August 23, 2021

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့နောက်ပိုင်းမှစ၍ Bitcoin တစ်ကွိုင်၏ဈေးနှုန်းသည် ဒေါ်လာ ၅၀,၀၀၀ သို့စံချိန်တင်ရောက်ရှိလာခဲ့သည်။ သူနှင့် နည်းတူ Ethereum နှင့် Dogecoin တို့မှာလည်း ၃% ၊ ၂% အသီးသီးမြင့်တက်ခဲ့သည်။ UK တွင် PayPal (PYPL) ကုမ္ပဏီက သူ၏ customers...

0
More

Tesla လူသားစက်ရုပ်များတီထွင်နေကြောင်း Elon Musk ကြေညာ

  • August 20, 2021

Tesla ကလူသားစက်ရုပ်များတီထွင်နေပြီး လာမည့်နှစ်တွင် ပုံစံငယ်ထွက်ပေါ်လာမည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့ညကကျင်းပခဲ့သော Tesla – AI Day တွင် Elon Musk ကပြောကြားခဲ့သည်။ Tesla စက်ရုပ်များကို ထပ်ခါထပ်ခါလုပ်ရပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အလုပ်များနှင့် အန္တရာယ်ရှိသော အလုပ်နေရာများတွင် အစားထိုးသွားမည်ဟုဆိုသည်။ စက်ရုပ်၏ကုန်ကျစားရိတ်နှင့် ရောင်းချမည့်အကြောင်းကိုတော့ Musk ကအသေးစိတ်မပြောကြားခဲ့ပေ။...

0
More

သတင်းထောက်များနှင့်မိသားစုများကိုကယ်ဆယ်ပေးရန် The Washington Post ကဘိုင်ဒန်အစိုးရအားအကူအညီတောင်းခံ

  • August 17, 2021

အမေရိကန်၏ထိပ်သီး သတင်းစာ ၃စောင်က ကာဘူးလ်မြို့တွင်ပိတ်မိနေသော ၎င်းတို့၏ဝန်ထမ်းနှင့် မိသားစုများကို ရှာဖွေပေးဖို့ ဘိုင်ဒန်အစိုးရအား အကူအညီတောင်းခံထားသည်။ သတင်းထောက်များအား ရှာဖွေ၍ လုံခြုံသောနေရာတွင် စောင့်ရှောက်ပေးထားရန် The Washington Post, The New York Times နှင့် The Wall Street Journal တို့ကအိမ်ဖြူတော်မှ...

0
More

မြောက်ကိုရီးယားက နျူကလီးယား ဒုံးပျံလက်နက်တိုးချဲ့မှုများ ပြုလုပ်နေ

  • August 8, 2021

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာမှအရေးယူပိတ်ဆို့ထားခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းနေသော်လည်း ၂၀၂၁ ခုနှစ်ပထမနှစ်ဝက်အတွင်း နျူကလီယားလက်နက်နှင့် ဒုံးကျည်စီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်နေကြောင်း United Nations ၏ထုတ်ပြန်ချက်အရ သိရှိရသည်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများပြုလုပ်နေသော်လည်း ပြုံယမ်းသည် နိုင်ငံခြားမှ နျူကလီးယားနှင့် သက်ဆိုင်သည့် နည်းပညာနှင့် စက်ပစ္စည်းများ ဆက်တိုက် ရှာဖွေလျက်ရှိသည်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကို ခံစားနေရသော အထီးကျန် ဒီမိုကရက်တစ်...

0
More

ဒေါ်လာ ၄၅၀,၀၀၀ တန်အာကာသခရီးစဉ်လက်မှတ် Virgin Galactic စတင်ရောင်းချ

  • August 6, 2021

Richard Branson ၏ အာကာသခရီးသွားလုပ်ငန်းကုမ္ပဏီကြီး Virgin Galactic သည် အာကာသခရီးစဉ်အတွက် ပွဲဦးထွက်လက်မှတ်အား ထိုင်ခုံတနေရာစာလျှင် ဒေါ်လာ ၄၅၀,၀၀၀ ဖြင့်ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ရောင်းချခဲ့သည်။ ကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဌေးကြီး Richard Branson ကိုယ်တိုင် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က အာကာသသို့အောင်မြင်စွာ ခရီးနှင်နိုင်ခဲ့ပြီးနောက် ကုမ္ပဏီက အာကာသခရီးသွားလက်မှတ်များ...

0
More

“Buy American” ဥပဒေဖိအားကြောင့် ဓါတုစက်ရုံကြီးကိုအမေရိကန်တွင်တည်ဆောက်မည့် Mitsubishi

  • August 5, 2021

အမေရိကန်ရဲ့ “Buy American Act” ဆိုတာ”Made in the USA”ပစ္စည်းတွေမှာ အသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းတွေဟာ နိုင်ငံခြားကုန်ကြမ်းထက် အမေရိကန်ပြည်တွင်းကုန်ကြမ်းတွေကို အဓိကအသုံးပြုရမယ်ဆိုတဲ့ ၁၉၃၃ ခုနှစ်မှာ ဖယ်ဒရယ်အစိုးရကအတည်ပြုထားတဲ့ ဥပဒေတခုဖြစ်ပါတယ်။ သမ္မတအဆက်ဆက်ပြောင်းလဲခဲ့ပြီး အမေရိကန်အကျိုးစီးပွားကို ပိုမိုကာကွယ်လိုတာကြောင့် သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ “Buy American” စည်းမျဉ်သစ်ဟာ ပိုမိုတင်းကြပ်လာပါတယ်။ ဖိအားပိုပေးလာတဲ့...

0
More

အီတလီ၏ကိုဗစ်ကာကွယ်ဆေး Booking စနစ်တိုက်ခိုက်ခံခဲ့ရပြီး အဆိုးရွားဆုံးဆိုက်ဘာတိုက်ခိုက်မှုဟုသတ်မှတ်

  • August 3, 2021

အီတလီ၏ ကိုဗစ်ကာကွယ်ဆေးထိုးရန် Booking တင်သည့်စနစ်အား ဟက်ကာများက တိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံကျန်းမားရေးစနစ်အတွက် အဆိုးရွားဆုံးဆိုက်ဘာတိုက်ခိုက်မှုဖြစ်ကြောင်း အီတလီ၏ဆိုက်ဘာလုံခြုံရေးရဲဌာနက ကြေညာခဲ့သည်။ အမည်မသိဟက်ကာများက တနင်္လာနေ့မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိရပ်တန့်သွားခြင်းမရှိသေးပဲ ဆက်လက်တိုက်ခိုက်နေဦးမည်ဖြစ်ကြောင်း စုံစမ်းထောက်လှမ်းနေသည့် ရဲတပ်ဖွဲ့ကပြောကြားထားသည်။ လူပေါင်း ၅ သိန်းကျော် ကာကွယ်ဆေးထိုးနှံရန် Booking တင်ထားကြပြီး သြဂုတ်လ ၁၃ ရက်နေ့အထိ booking...

0
More

စီးပွားရေး ၂% စတင်တိုးတက်ကာ EU Zone ပထမဆုံးအကြိမ် Recession မှလွတ်မြောက်

  • July 31, 2021

ဥရောပစီးပွားရေးဇုန်ကြီးသည် ယခုနှစ် ဒုတိယ သုံးလပတ်မှစတင်၍ စီးပွားရေး ၂% တိုးတက်ခဲ့ကာ Recession (စီးပွားရေးကျဆင်းခြင်း) မှလွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ဥရောပအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးတိုးတက်မှုကိန်းဂဏန်းများက တဖြေးဖြေးတိုးတက်လာကြောင်းပြသလျက်ရှိသည်။ အဖွဲ့ဝင် (၁၉) နိုင်ငံပါဝင်သည့် ဥရောပဇုန်ကြီးသည် ကိုဗစ်ကပ်ရောဂါမတိုင်မီကတည်းက စီးပွားရေး ၃% ကျဆင်းနေခဲ့ပြီး ပြီးခဲ့သော ၆ လအတွင်းတွင် ထပ်ဆင့်စီးပွားရေးကျဆင်းခြင်း...

0
More

တရုတ်က နျူကလီးယားဒုံးကျည်လွှတ်တင်နိုင်သည့် ကျီအိမ်များစွာတည်ဆောက်နေ

  • July 30, 2021

တရုတ်-အမေရိကန် အရေးတင်းမာနေချိန်တွင် တရုတ်က နျူကလီးယားဒုံကျည်လွှတ်တင်သည့် ကျီအိမ်ပေါင်းမြောက်များစွာ တိုးချဲ့တည်ဆောက်နေသောကြောင့် အမေရိကန်စစ်တပ်က သတိပေးထားသည်။ Federation of American Scientists မှသုတေသီများက တရုတ်ပြည်အနောက်ဖက်တွင် မြေအောက်ဒုံးကျည် ကျီအိမ်ပေါင်း ၂၅၀ ခန့်တည်ဆောက်နေကြောင်း ဂြိုဟ်တုဓါတ်ပုံများအရ အတည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်နွေရာသီတွင်လည်း Gansu ပြည်နယ်အနီးတဝိုက်တွင် အခြားမြေအောက်တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း...