တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ထိုင်းတွင်စက်ရုံဆောက်မည်
တရုတ်လျှပ်စစ်ကားနှင့်ဘက်ထရီကုမ္ပဏီကြီး BYD သည် တရုတ်ပြည်ပြင်ပ၌ ၎င်း၏ပထမဆုံးသော ကားစက်ရုံကို ထိုင်းနိုင်ငံတွင်ဖွင့်လှစ်ရန် စီစဉ်လျက်ပြီး WHA Group ၏စက်မှုမြို့တော်၌ မြေနှင့်အဆောက်အဦများအား ပြီးခဲ့သည့် ကြာသပတေးနေ့ကဝယ်ယူခဲ့သည်။ စက်ရုံအသစ်သည် ၂၀၂၄ ခုနှစ်တွင်စတင်လည်ပတ်ကာ တစ်နှစ်လျှင် ကားအစီးရေ ၁၅၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မည်ဟုမျှော်မှန်းထားပြီး ပြည်တွင်းထိုင်းဈေးကွက်သာမက အရှေ့တောင်အာရှနှင့် ဥရောပသို့ ထုတ်လုပ်ရောင်းချသွားမည်ဟုဆိုသည်။ ၂၀၃၀...